Monday, September 26, 2011

ကြက်ကင်နှင့် နွယ် စတော်ဘယ်ရီ အနီ

ကြက်ကင်နှင့် နွယ် စတော်ဘယ်ရီ အနီ (Grilled Chicken and Raspberry-Salad)


ပါဝင်သောပစ္စည်းများ...

၁။ ဖြန့်ခင်းရင် ယိုးဒယား မုံညှင်းရွက်၊ နွယ် စတော်ဘယ်ရီ အနီရောင် အနည်းငယ်
၂။ အနီရောင် ရှာလကာဝိုင်
၃။ သံလွင်ဆီ
၎။ ကြက်သား အရိုးမပါ တစ်ပေါင်
၅။ ကြက်သွန်နီ
၆။ မက်မွန်သီး
၇။ ဆား၊ ဟင်းခတ်မှုန့်
ဂ။ ခရှုဆီ
ပြုလုပ်ပုံအဆင့်ဆင့် ...

ကြက်သားတုံးကို ခရုဆီ၊ ၀ိုင်၊ ဆား ၊ ဟင်းခတ်မှုန့် တို့နှင့် နယ်ပြီး 2နာရီခန့်နှပ်ထားပါ။ ပြီးနောက် သံလွင်ဆီကို အသား တုံးအနှံ သံလွင်ဆီ ကို စုတ်တံဖြင့် အနှံလိမ်းပါ။ ပြီးရင် အပူချိန် 170ဒီဂရီဖာရင်ဟိုက်ဖြင့် Miscrowave Oven ဖြင့် 15 မိနှစ်ခန့် ကင်ပါ။ အသားကင်နေစဉ် ပန်ကန်ပြား တစ်ချပ်ထဲတွင် မုံညှင်းရွက် ဖြန့်ခင်းပါ။ စတော်ဘယ်ရီ အနည်းငယ်ကို မုံညှင်းရွက်ပေါ် တင်ပါ။ အသားကျက်လျှင် ဓါးဖြင့်ပိုင်းကာ အရွက်၊ အသီးပေါ် တွင် လှလှပပစီကာ တည်ခင်းနိုင်ပါပြီ။



အီတလီ ကြက်သားကင် သုပ်

အီတလီ ကြက်သားကင် သုပ် ( Grilled Italian Chicken Salad)


၁။ သစ်သီးရှာလကာရည် အနည်းငယ်
၂။ ပဲငံပြာရည် အနည်းငယ်
၃။ နှမ်းဆီ အနည်းငယ်
၎။ အစိမ်းသုပ် ရန်သုံးသောဟင်းရွက်အနည်းငယ် (သို့) သခွားသီး အနည်းငယ်
၅။ ခရမ်းချဉ်သီး နှစ်လုံး
၆။ ဆား၊ ဟင်းခတ်မှုန့်

ပြုလုပ်ပုံ အဆင့်ဆင့် ...
 ကြက်ကင် 15 ကျပ်သားခန့်ကို အနေတော် ဓါးဖြင့်လှီးပါ၊ ပါးပါး ကြိုက်ပါက ပါးပါး လှီးပါ။ ပန်ကန်တစ်ချပ်ထဲတွင် လှီးထားသောကြက်သား ထည့်ပါ ခရမ်းချဉ်သီး လှီးထည့်ပါ။ သစ်သီးရှာလကာရည် အနည်းငယ် ထည့်ပါ။ ပြီးလျှင် အစိမ်းသုပ်စား ရသော ကြိုက်နှစ်သက်ရာ အရွက် အနေတော်၊ နှမ်းဆီအနည်းငယ်၊ ဆား၊ ဟင်းခတ်မှုန့် တို့ကို အနေတော် ထည့်ပြီး သုပ်လိုက်ပါ။ အပေါ့အငံ အရသာ မြည်းကြည့်ပြီး သုံးဆောင်နိုင်ပါပြီ။



Saturday, September 24, 2011

ကြက်သားကင် အနောက်တိုင်းစတိုင်

ကြက်သားကင် အနောက်တိုင်းစတိုင်





Grilled Chicken

ပါဝင်သော ပစ္စည်းများ...
၁။  ငရုပ်ကောင်း အနီဆော့ လက်ဖက်ရည်ဇွန်း  1 ဇွန်း
၂။  ဆီသန့်သန့် လက်ဖက်ရည်ဇွန်း 2 ဇွန်း
၃။  ကြက်သွန်ဖြူ မှုန့် အနည်းငယ်
၎။  အရိုးမပါ အရည်ခွံမပါသော ကြက်သား
၅။  ဒိန်ခဲ အနည်းငယ်
၆။ ဆား အနည်းယ်
၇။  ဟင်းခတ်မှုန့်အနည်းငယ်
၈။  တရုတ်နံနံ ရိုးတံ အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်...
ကြက်သား ကို ဆား၊ ဟင်းခတ်မှုန့် ၊ ဒိန်ခဲ ခြေထည့်၊ ငရုပ်ကောင်း နယ် ပြီး ဆီ ကို နှံစပ်အောင် သုတ်ကာ 2နာ၇ီခန့် နှပ်ထား ပါ ။ ပြီး ရင် အပူချိန် 170 ဒီဂရီ ဖြင့် miscrowave မီးဖိုထဲ 10မိနှစ် 15 မိနှစ် ခန့် ကင် ပေးပါ။
ပန်းကန် ပြား တစ်ချပ်ထဲ တရုတ် နံနံကို လိုသလို အလှဆင်ပြီး တည် ခင်း နိုင်ပါပြီ။