Monday, September 26, 2011

အီတလီ ကြက်သားကင် သုပ်

အီတလီ ကြက်သားကင် သုပ် ( Grilled Italian Chicken Salad)


၁။ သစ်သီးရှာလကာရည် အနည်းငယ်
၂။ ပဲငံပြာရည် အနည်းငယ်
၃။ နှမ်းဆီ အနည်းငယ်
၎။ အစိမ်းသုပ် ရန်သုံးသောဟင်းရွက်အနည်းငယ် (သို့) သခွားသီး အနည်းငယ်
၅။ ခရမ်းချဉ်သီး နှစ်လုံး
၆။ ဆား၊ ဟင်းခတ်မှုန့်

ပြုလုပ်ပုံ အဆင့်ဆင့် ...
 ကြက်ကင် 15 ကျပ်သားခန့်ကို အနေတော် ဓါးဖြင့်လှီးပါ၊ ပါးပါး ကြိုက်ပါက ပါးပါး လှီးပါ။ ပန်ကန်တစ်ချပ်ထဲတွင် လှီးထားသောကြက်သား ထည့်ပါ ခရမ်းချဉ်သီး လှီးထည့်ပါ။ သစ်သီးရှာလကာရည် အနည်းငယ် ထည့်ပါ။ ပြီးလျှင် အစိမ်းသုပ်စား ရသော ကြိုက်နှစ်သက်ရာ အရွက် အနေတော်၊ နှမ်းဆီအနည်းငယ်၊ ဆား၊ ဟင်းခတ်မှုန့် တို့ကို အနေတော် ထည့်ပြီး သုပ်လိုက်ပါ။ အပေါ့အငံ အရသာ မြည်းကြည့်ပြီး သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment